International News

တရုတ်နိုင်ငံသည် ပြည်ပနိုင်ငံများသို့ တင်ပို့မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ များအပေါ် ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့ခြင်း

Last Updated:

တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီသည် ပြည်ပသို့တင်ပို့မည့်လုပ်ငန်းများအား ပံ့ပိုးမှုများ ပိုမိုဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ တရုတ်နိုင်ငံရှိ လုပ်ငန်း များအနေဖြင့် ပိုမိုကောင်းမွန်သည့်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရန် အကောင်အထည်ဖော်ဆောင်ရွက်မည့် လမ်းညွှန်ချက်များအား (၂၁-၇-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ထိုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ရာတွင် ပြည်ပမှ ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံခြားအရင်းအနှီးဖြင့် လည်ပတ်နေသည့်လုပ်ငန်းများ၊ ပြည်ပသို့ တင်ပို့သည့်လုပ်ငန်းများအပေါ် ကန့်သတ်မှုများ ပိုမိုဖြေလျှော့ပေးမည် ဖြစ်ကြောင်း၊ နိုင်ငံခြားအရင်းအနှီးဖြင့် လုပ်ကိုင်သည့်လုပ်ငန်းများအနေဖြင့် ပြည်နယ်အဆင့်များ၌ပင် လုပ်ငန်းများ မှတ်ပုံတင်ခွင့်ပြုမည်ဖြစ် ကြောင်း၊ ပြည်ပသို့တင်ပို့သည့် လုပ်ငန်းများအနေဖြင့် ပြည်တွင်းတွင်ရောင်းချမှုများ ဆောင်ရွက်နိုင်ရန် ကူညီထောက်ပံ့ပေးသည့် အနေဖြင့် ထုတ်ကုန်မှတ်ပုံတင်သည့် လုပ်ငန်းစဉ်များအား ရိုးရှင်းလွယ်ကူအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိအမှတ်ပြုသည့် သက်ဆိုင်ရာလက်မှတ်များ ရရှိထားသည့်လုပ်ငန်းများအနေဖြင့် ပြည်တွင်းသတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်ကိုက်ညီပါက စာရေးသားကတိ ပြု၍ ပြည်တွင်းဈေးကွက်အတွင်းသို့ တိုက်ရိုက်ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ထုံးလုပ်နည်းများ ရိုးရှင်းလွယ်ကူအောင် ဆောင်ရွက် ရာတွင် စားသုံးသူများ လုံခြုံစိတ်ချရမှုနှင့် တိုက်ရိုက်ဆက်နွယ်နေသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မော်တော်ကားနှင့် ကလေးကစား စရာများ စသည်တို့ပါဝင်သည့် ကုန်ပစ္စည်း (၁၀၃) မျိုး ပါဝင်ခြင်းမရှိဘဲ အဆိုပါ ကုန်ပစ္စည်းများနှင့် ပတ်သက်၍မူ ပုံမှန်လုပ်ထုံးလုပ်နည်းများ လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၊ အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့သည့်စာရင်းဇယားများအရ တရုတ်နိုင်ငံ၏ ပြည်တွင်း လူသုံးကုန် ပစ္စည်းများ လက်လီရောင်းချရမှုသည် ပထမနှစ်ဝက်တာကာလအတွင်း၌ အမေရိကန်ဒေါ်လာ (၂.၄၇) ထရီလီယံသာ ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့် နှစ်ကာလတူထက် (၁၁.၄) ရာခိုင်နှုန်း လျှော့နည်းကျဆင်းခဲ့ပြီး online မှ ရောင်းချရမှုသည် တရုတ်ယွမ်ငွေ (၅.၁၅) ထရီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့် နှစ်ကာလတူထက် (၇.၃) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

 

(စီးပွားရေးသံမှူး၊ပေကျင်း)
 ရင်းမြစ်: https://www.globaltimes.cn/content/1195250.shtml

Category: International News